လယ်ဝေးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့်ပြိုင်ပွဲများကျင်းပ

လယ်ဝေး   မေ  ၁၃

၂၀၂၆ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ လယ်ဝေးခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊  ရွှေရတု   ခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲကျင်းပရာသို့ လယ်ဝေးခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးအေးကျော်၊ ခရိုင်လဝကမှူးဦးမြင့်နိုင်၊ ခရိုင်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးကျော်သူရ၊ လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးကျော်၊ ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှစိုး၊ မြို့နယ်ပညာရေးမှူး၊  မူးယစ်တပ်ဖွဲ့စု (၁၀၁) နေပြည်တော်မှ  ရဲအုပ်ဇင်မျိုး‌အောင်နှင့်တာဝန်ရှိသူများက ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများအားကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲတွင် လယ်ဝေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉) ဦး၊ အထက်တန်းအဆင့်တစ်ဦး၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦး၊ ပိုစတာပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူသုံးဦးနှင့်စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၆  ဦး တို့က “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ”၊ “လွယ်လွယ်နဲ့ရ သုံးစွဲကြ မူးယစ်သားကောင် ဖြစ်နေရ ဝိုင်းဝန်းကာကွယ်တားဆီးမှ”၊ “မူးယစ်ကင်းစင် တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြလုံခြုံလှ”၊ “နိုင်ငံအနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့”၊ “ဗလငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့”၊ “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့” စသည့်ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဇွန်(၂၆)ရက်တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)