ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းဆတ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

မိုင်းဆတ် မေ ၁၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အဖွဲ့သည် မေ ၁၃ ရက် နံနက်ပိုင်းက မိုင်းဆတ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ မယ်ဆွမ်ချောင်း ရေကြီးရေလျှံမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် မြို့တော်ခန်းမ တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မိုင်းဆတ်-တာချီလိတ်လမ်းမကြီး‌ပေါ်ရှိ နမ့်ခုတ်ချောင်းပေါ်တွင်အရှည် ပေ ၄၂၀၊  သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာလမ်းဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရဇော်၊ တံတားတည်ဆောက်ရေးအထူးအဖွဲ့(၁၂)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲနိုင်ဦးတို့က ရန်ပုံငွေရရှိမှုနှင့် တံတားတည်ဆောက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)