ပုဂံ မေ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းအမှုထမ်းများ၊အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI)အဖွဲ့က မေ ၁၃ ရက် နံနက် ၁၀နာရီက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် အိန္ဒိယနိုင်ငံ Archaeo -logical Survey of India (ASI)အဖွဲ့က ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ရှေးဟောင်းအဆောက်အအုံအမှတ် - ၆၉၇ (ဆင်ဖြူရှင်ဘုရား)၊ ဘုရားအမှတ် - ၁၄၉၉ (မီးငြိမ်းကုန်းဘုရား)၊ ဘုရားအမှတ် - ၁၆၇၀ (မဟာဗောဓိဘုရား)၊ ဘုရားအမှတ် - ၁၉၇၆ (ရွှေကွန်ချာဘုရား)နှင့် နံရံပန်းချီဌာနစိတ်က နံရံပန်းချီပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံအမှတ် - ၁၆၆၈ (ရွှေထီး ဆောင်းဘုရား)တို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ရှေးဟောင်းမူလလက်ရာများမထိခိုက်ဘဲ စနစ်တကျပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း