ပင်းတယ မေ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အစိုးရသစ်လက်ထက် (ဧပြီလမှ ဇူလိုင်လ ပထမအထိ) ရက်(၁၀၀)အတွင်း သီးနှံအလိုက် နည်းပညာပေးစံပြကွက် ဧက ၁၇၅ ဒသမ ၀၀ နှင့် သီးနှံအလိုက်မျိုးစေ့ထုတ်လုပ်ငန်းများ ဧက ၁၆၀ ဒသမ ၀၀ လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သီးနှံနည်းပညာပေးစံပြကွက်များတွင် မိုးစပါး(လယ်)၊ အစေ့ထုတ်ပြောင်း၊ မြေပဲ(မိုး)၊ အာလူး၊ နေကြာ(မိုး)၊ ပိုက်ဆံလျှော်၊ နှမ်း၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံသီးနှံများအား ကျေးရွာ ၁၆ အုပ်စု၊ ကျေးရွာ ၇ ရွာတို့တွင် တောင်သူစုစုပေါင်း ၁၀၉ ဦးနှင့် သီးနှံအလိုက် မျိုးစေ့ထုတ်လုပ်ငန်းများတွင် နွေစပါး၊ မိုးစပါး(လယ်)၊ ပဲပုပ်(မိုး)၊ ယာစပါး၊ မြေပဲ(မိုး)နှင့် နေကြာ(မိုး)သီးနှံများကို ကျေးရွာ ၁၂ အုပ်စု၊ ကျေးရွာ ၁၄ ရွာ၊ တောင်သူ ၇၆ ဦး တို့ဖြင့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)