ခိုင်ကမ်း ဇန်နဝါရီ ၁၈
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ပွင့်လင်းရာသီ ရောက်ရှိလာခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လှည့်လည် အသိပညာပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးသွောင်လန်းခိုင် ဦးဆောင်မှုဖြင့် မီးလောင်မှုနှင့် မီးလန့်မှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် ကြုံတွေ့ လာပါက အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရေး၊ ထိခိုက်ဆုံးရှုံးများ လျော့နည်းရေး၊ မီးဘေး လုံခြုံရေးအတွက် ချက်ပြုတ်လျော်ဖွတ်ရာတွင် လျှပ်စစ်မီးကို စနစ်တကျကိုင်တွယ် အသုံးပြုရေး၊ ထင်း၊ မီးသွေးများမှ မီးကြွင်းမီးကျန်များ စနစ်တကျ ငြိမ်းသတ်ရေးစသည့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို တစ်အိမ်တက်ဆင်း အသိပညာပေး ရှင်းလင်းခြင်းနှင့် အပတ်စဉ် သောကြာနေ့တိုင်း အများပြည်သူ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)