မြစ်သား မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရေဝန်းသိုက်တူးကျေရွာအား ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကျေးရွာမြေတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်သားမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဝန်းသိုက်တူးကျေရွာတွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် မြို့နယ်လုပ်ငန်းအဖွဲ့ဝင်များဖြစ်သော မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ပြည့်၊ မြို့နယ်မြေစာရင်းစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်မျိုးချစ်တို့အဖွဲ့သည် မြေပြင်ထိန်းမတ် (GCP) ခုံတစ်ခုံနှင့် အမြဲမြေတိုင်း မှတ်တိုင် ၁၅ ခုံ စိုက်ထူပြီးစီးမှုအခြေအနေအား ရေဝန်းသိုက်တူးကျေးရွာ၌ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)