ဆီဆိုင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ဆီဆိုင် မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအောင်ကျော်စိုးနှင့် ဝန်ထမ်းများက ပင်စုံကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာရှိ ကျွဲ၊ နွားများ ကို လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ်ကာကွယ်ဆေးနှင့် ဝက်ဝမ်းကျရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)