ညောင်ဦးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ (၄၀၇.၅၀) ကျပ်သိန်း ချေးငွေပေးအပ်

ညောင်ဦး မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်လျက်ရှိသည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်‌ချေးငွေပေးအပ်ပွဲ အခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က ညောင်ဦးမြို့နယ်အတွင်း ကျေးလက်တောင်သူများ လက်ဝယ်အရောက် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးလက်တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာ ဒေါ်ခင်ချိုသက်တို့က တွင်းရွာအုပ်စုရှိ တောင်သူ(၂၇)ဦးတို့အား စိုက်ပျိုးစရိတ်ချေးငွေ(၄၀၇.၅၀)သိန်းအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း