ကြအင်းဆိပ်ကြီး မတ် ၂၀
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိပြီး (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှုအန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Community Centre ခန်းမ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခြင်း စာအုပ်များ လာရောက်ငှားရမ်းလျက်ရှိသော အများပြည်သူ စာပေဝါသနာရှင် လူကြီးလူရွယ် လူငယ်များအား ရုံးရှေ့တွင် အသင့်ထားရှိသော သုံးရေနှင့်ဆပ်ပြာများအား အသုံးပြု၍ အလေ့အကျင့်ကောင်း ရရှိစေရေးအတွက် လက်ကိုစက္ကန့် (၂၀)ခန့် ဆေးကြောစေခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်နှင့် ဝန်ထမ်းများက စာဖတ်စာငှါးသူများအား (COVID-19) ရောဂါနှင့်ပတ်သက်၍ လက်ကိုမကြာခဏ ဆပ်ပြာဖြင့်ဆေးခြင်း အယ်လ်လကိုဟော ၆၀ရာခိုင်နှုန်း ပါဝင်သော အရည်ဖြင့် ဆေးကြောခြင်း သွားလာနေထိုင် စားသောက်ရမည့် နည်းလမ်းများကို ပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးကာ ရုံးအတွင်းနှင့်ရုံးအပြင် မြေစိုက်ဘုတ်တွင်လည်း အများပြည်သူများ ဖတ်ရှုကြည့်ရှုလေ့လာနိုင်ရေးအတွက် အသိပညာပေး ပိုစတာများ ကပ်ထားပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)