မိုင်းနောင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၌ နှာခေါင်းစည်း(Mask)မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု ဒုတိယအကြိမ် Mask Campaign ကို မိုင်းနောင်မြို့ရှိ ပျံကျစျေးတွင် ယနေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။.
ရှေးဦးစွာ Physical Fitness Dance အဖွဲ့က ဒေသနေပြည်သူလူထုများ၊ လူငယ်လူရွယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးအဖြစ် လက်ဆေးပါ သရုပ်ပြကကွက်ဖြင့် ဖျော်ဖြေခဲ့သည်။
ဆက်လက်၍ မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီဝင်များနှင့် ဆရာ/ဆရာမများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျစာရေးများက စျေးအတွင်း လည့်လှည်၍ စျေးဆိုင်ခန်းများ၊ စျေးရောင်းစျေးဝယ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီလိုက်နာဆောင်ရွက်ရောင်းချခြင်းရှိ/မရှိ ပူးပေါင်းစစ်ဆေးခြင်း၊ စျေးသည်များ ငွေကိုင်ပြီးတိုင်း(Hang Gel)အသုံးပြုရန်၊ တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေ၍ စျေးရောင်းစျေးဝယ်ပြုလုပ်ရန်၊လူစည်ကားသောနေရာများသို့သွားလာခြင်းမပြုလုပ်ရန်၊ ကလေးငယ်များ အား စျေးအတွင်းသို့ ခေါ်ဆောင်လာခြင်းမပြုလုပ်ကြရန် အသိပညာပေး ဟောပြောခြင်းနှင့်(mask)တပ်ဆင်ခြင်းမရှိသူများအား အခုဝေ၊အခုတပ်စနစ်ဖြင့် တပ်ဆင်စေခြင်းများ ဆောင်ရွက်ကာ နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် Mask အခုရေ (၃၀၀)ခု ၊ Face Shield အခုရေ (၅၀)ခု တို့ကို(Mask Campaign)ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းနောင် ပြန်/ဆက်