ကျိုင်းတုံမြို့၌ Mobile Tablet အသုံးပြု၍ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် ပြည်သူ့ ကျန်းမာရေး ကြီးကြပ်(၂) များအား မွန်းမံသင်တန်းပို့ချခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း(ဗဟိုအဆင့်) ဖွင့်လှစ်သင်ကြား

ကျိုင်းတုံ           ဩဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းခန်း၌ Mobile Tablet အသုံးပြု၍ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်() များအား မွန်းမံသင်တန်းပို့ချခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း(ဗဟိုအဆင့်)ကို ယမန်နေ့က စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်းသိရသည်။

သင်တန်းတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား Mobile Tablet အသုံးပြုပြီး ကျန်းမာရေး အသိပညာမြှင့်တင်ခြင်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် () များ အား မြန်မာနိုင်ငံတီဗွီရောဂါ အခြေအနေများ အကြောင်း၊ ကျောင်းကျန်းမာရေးအကြောင်းအရာများ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု လုပ်ငန်းဆိုင်ရာများ၊ လုပ်ငန်းခွင် နှင့် ပတ်ဝန်းကျင်ကျန်းမာရေးဌာနအကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ အကြောင်း စသည့် အကြောင်းအရာများကို သင်တန်းနည်းပြ ဦးစိုးသူ(ကျန်းမာရေးမှူး)နှင့် အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်ချိုချိုထက်တို့က ဩဂုတ်လ ရက် မှ ၁၀ ရက် ထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ သင်တန်းသား ၂၄ ဦး တက်ရောက်လျက်ရှိကြောင်း  သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)