ပြည်ကြီးတံခွန်မြို့နယ်၌ အခြေခံပညာဦးစီးဌာန မူလတန်း ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား (မြို့နယ်အဆင့်) ကျင်းပ

ပြည်ကြီးတံခွန်   မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာန၊ မူလတန်းဆရာဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနား (မြို့နယ်အဆင့်)ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂၇အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး၊ ဒေါ်အေးသန္တာနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသည်။ အခမ်းအနားကို ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပညာရေးမှူး၊ ဒေါ်အေးသန္တာနိုင်နှင့် မြို့နယ်ပညာရေးရုံးမှ ဝန်ထမ်းများ၊ အခြေခံပညာ (ထက်/လယ်/မူ) ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ မှ ဆရာ/ဆရာမများ  စုစုပေါင်း သင်တန်းသား/သင်တန်းသူ  ဆရာ / ဆရာမ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာန မူလတန်း ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကို (၁၄-၅-၂၀၂၆) ရက်နေ့မှ (၂၄-၅-၂၀၂၆) ရက်နေ့အထိ သင်တန်းကာလ (၁၀)ရက် ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)