ချမ်းအေးသာစံ မေ ၁၄
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ဦးစွာ ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဝါဝါကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ဦးဟန်နီစိုးက သင်တန်းစည်ကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို မေ ၁၄ ရက်မှ မေ ၂၄ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြလေးဦးက သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၀၀ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်အနားသို့ ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဝါဝါကျော်၊ ဒုတိယမြို့နယ်ပညာရေးမှူး (ပညာ) ဆရာကြီးဦးဟန်နီစိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး(စီမံ/ဘဏ္ဍာ) ဆရာကြီးဦးသူရိန်စိုး၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ/ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ ပြန်ဆက်)