ချမ်းအေးသာစံ မေ ၁၄
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ရာဇာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်က အမှာစကား ပြောကြားပြီး သင်တန်းသားဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများ သင်တန်းတက်ရောက်နေမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။
အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာနည်းပြသင်တန်းကို မေ ၁၄ ရက်မှ မေ ၁၈ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ကာ အဆိုပါသင်တန်းကို သင်တန်းနည်းပြ ၂၅ ဦးက သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၂၁၀ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)