ငါန်းဇွန်မြို့နယ်၌ အခြေခံပညာဦးစီးဌာန မူလတန်း ဆရာ/ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း ဖွင့် 

ငါန်းဇွန် မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာန၊ မူလတန်း ဆရာ/ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ယနေ့ နံနက်()နာရီက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းက အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားကို ငါန်းဇွန်မြို့နယ် မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးရုံးမှ ဝန်ထမ်းများ၊ အခြေခံပညာ (ထက်/လယ်/မူ)ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ဆရာ/ဆရာမများ  စုစုပေါင်း သင်တန်းသား/သင်တန်းသူ  ဆရာ/ ဆရာမ (၂၄၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို မေ ၁၄ ရက်မှ ၂ ရက်အထိ သင်တန်းကာလ(၁၀)ရက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

  ကိုကိုနိုင်(ပြန်/ဆက်)