မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးအသိပညာ‌ပေးခြင်းနှင့်ဆေးကုသစောင့်ရှောက်မှုဆောင်ရွက်

မြစ်သား မေ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် တိုင်းရင်းဆေးဖြင့်အကျိုးထိရောက်မှုရှိစွာ ကုသနိုင်ရန် မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ   ကျန်းမာရေးအသိပညာ‌ပေးဟောပြောခြင်းနှင့် ဆေးကုသစောင့်ရှောက်မှု ပေးခြင်းကို မေ ၁၄ ရက် နံနက် ၉ နာရီက  ဆန်စက်ဝန်းရပ်ကွက်ရှိ ပြည်သူများအား ယ်လှည့် ကွင်းဆင်း‌ဆေးကုသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက ဒူးနာ၊ ခါးနာ အဆစ်အမြစ်ပိုင်းဆိုင်ရာဖြစ်ပွားတတ်သောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ဒူးနာ၊ ခါးနာအဆစ်အမြစ်ပိုင်း နာကျင်ခြင်း၊ သဲဝဲစားခြင်းနှင့်အရေပြားရောဂါများကို ကုသပေးခြင်း၊ တိုင်းရင်းဆေးဝါးများ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို  ဆန်စက်ဝန်းရပ်ကွက်ရှိ ပြည်သူ ဦးအား ဆေးကုသပေးခဲ့‌ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)