သရက်ချောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထားပြီး အခမဲ့ဖြန့်ဝေပေးသွားမည်

သရက်ချောင်း မေ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုဒဏ် ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်‌ပေါင်း ၂ဝ၀၀၀‌ ကို ပျိုးထောင်ထားရှိရာ ဇူလိုင်လကုန်အထိ မည်သူမဆို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်နိုင်ဦးထံမှ သိရသည်။

သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ အပူရှိန်မြင့်မားခြင်း၊ ​မိုးခေါင်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်စောင်ရှောက်နိုင်ရေးအတွက် နှစ်စဥ်မိုးရာသီ ပျိုးပင်များကိုပျိုးထောင်ထားရှိရာ ယခုနှစ်တွင် ကံကော်ပင် ၉၀၀၊ ခရေပင် ၁၀၀၀၊ စိန်ပန်းပင် ၁၀၀၀၊ ပျဥ်းကတိုးပင် ၂၅၀၀၊ မအူပင် ၁၀၀၀၊ မယ်ဇလီပင် ၅၀၀၊ မဟော်ဂနီပင် ၂၅၀၀၊ မန်ဂျန်ရှားပင် ၁၀၀၀၀၊ မျောက်ငိုပင် ၂၀၀၊ သင်္ဃန်းပင် ၂၀၀၊ ပင်သင်္ဘော-မန်းကျည်း ၂၀၀၊ စုစုပေါင်းပျိုးပင် ၂၀၀၀၀ကို ပျိုးထောင်ထားရှိကြောင်းသိရသည်။

မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းများ၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စသည့်နေရာများတွင် ပြည်သူလူထုများက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးစိုက်ပျိုးရန် မေလနှောင်းပိုင်းမှစတင်၍ ဇူလိုင်လကုန်အထိ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ရာ မြို့နယ်သစ်တောဦးစီးဌာနမှ မည်သူမဆိုလာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင် (ပြန်/ဆက်)