မြင်းခြံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ

မြင်းခြံ မေ ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ တိရစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“စားနပ်ရိက္ခာဖူလုံစေရေး ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားထုတ်လုပ်မှု မြှင့်တင်နိုင်ရေး နှင့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါ မကျရောက်၊ မဖြစ်ပွားစေရေးတို့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာများအရောက် ကျွဲ၊ နွားများ ပေါင်ပုပ်လက်ပုပ် ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရခြင်းဖြစ်ပါတယ်” ဟု ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မိုးကျော်နိုင်က ပြောသည်။

ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးကျော်နိုင် ဦးဆောင်၍ ခရိုင်/ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မြင်းခြံမြို့နယ် ဆားခါးကျေးရွာရှိ ကျွဲ၊ နွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)