မန္တလေးတိုင်းဒေသကြီးအတွင်း မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များနှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး‌ရန်အတွက် ပျိုးပင်များပြုစုပျိုးထောင်ထား

မန္တလေး မေ ၁၄

မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များ၌ စိုက်ပျိုးရန်နှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး‌ရန်အတွက် ပျိုးဉယျာဉ်များ၌ ပြုစုပျိုးထောင်ထားရှိသည့် လူထုဖြန့်ပျိုးပင်များ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မဟာအောင်မြေမြို့နယ်ရှိ ချမ်းမြ(ယာယီ)ပျိုးယျာဉ်၌ ပျိုထောင်းထားရှိသည့် ကျွန်း၊ မယ်ဇယ်၊ တပေဘူတ၊ မန်းကျည်၊ ပိတောက်၊ စိန်ပန်း၊ ခရေ၊ ယင်းမာ၊ ကုက္ကို စသည့် သစ်မျိုး (၁၄) မျိုးနှင့် ၂၀၂၁ ခုနှစ်မှစတင်၍ နှစ်အလိုက်ပျိုးထောင်ဆောင်ရွက်ခဲ့သည့် အထူးပျိုးပင်များဖြစ်သည့် ကံကော်၊ ခရေ၊ တမာ၊ ပျဉ်းမ၊ မဟော်ဂနီ၊ သစ်ဖြူ၊ ရေသင်းဝင်စသည့် သစ်မျိုး (၁၀)မျိုး အပင် ၄၂,၀၀၀ ရှင်သန်အောင်မြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ပျိုးပင်ဖြန့်ဝေဆောင်ရွက်ရာတွင် အမှန်တကယ်စိုက်ပျိုးလိုသည့် ပြည်သူလူထုလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး၊ စိုက်ပျိုးသည့်ပျိုးပင်များအားလုံးရှင်သန်အောင်မြင်စေရေး၊ စိုက်ပျိုးသည့်နည်းစနစ် မှန်ကန်စေရေးအတွက် အသိပညာပေးလုပ်ငန်းဆောင်ရွက်ရေးနှင့် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာစာသင်ကျောင်းများ စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးရာတွင် အမြဲစိမ်းလန်း၍ အရိပ်ရပင်နှင့် အပွင့်ပွင့်သည့် အပင်များ စိုက်ပျိုးဆောင်ရွက်ရန် တို့ကို မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး မြို့မ(အမြဲတမ်း) ပျိုးဥယျာဉ်၌  ကျွန်း၊ မန်းကျည်း၊ တမာ၊ စိန်ပန်း၊ ယင်းမာ၊ တပေဘူတ စသည့် လူထုဖြန့်ပျိုးပင်သစ်မျိုး (၁၆) မျိုး စုစုပေါင်း အပင် ၉၅,၀၀၀ နှင့်  ခရေ၊ ပိတောက်၊ယင်းမာ၊ မန်းကျည်း၊ တမာစသည့် အထူးပျိုးပင်သစ်မျိုး (၅) မျိုး စုစုပေါင်း အပင် ၅၅,၀၀၀ ၏ ရှင်သန်အောင်မြင်မှု အခြေအနေအားကြည့်ရှုစစ်ဆေး၍ နှစ်စဉ်ဖြန့်ဝေခဲ့သည့်ပျိုးပင်များနှင့် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခဲ့သည့်အပင်များ ရှင်သန်ကြီးထွားအောင်မြင်အောင် ပြုစုထိန်းသိမ်းဆောင်ရွက်ရန်၊ ပုသိမ်ကြီးမြို့အဝင် မန္တလေး-ချောင်းဝန်းကားလမ်းဘေးဝဲ/ယာ ကွက်လပ်ဖြစ်သည့် နေရာများတွင် အရိပ်ရင်များ ထပ်မံဖြည့်စွက်စိုက်ပျိုးရန်၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်လမ်းဝဲ/ယာ၌ အမြဲစိမ်း အရိပ်ရပင်စိုက်ပျိုးရန်၊ ပြည်သူများ သစ်ပင်စိုက်ပျိုးမှုနည်းစနစ်များ သိရှိနိုင်ရန်နှင့် ပြည်သူများသစ်တောသစ်ပင်တန်ဖိုးသိရှိ၍ သစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းမှုများ၌ ပူးပေါင်းပါဝင်လာစေရေး အသိပညာပေး ဆောင်ရွက်ရန်နှင့် သစ်ရွက်ကြွေများအား မီးရှို့ဆောင်ရွက်ခြင်းမပြုလုပ်ဘဲ သဘာဝသစ်ရွက်ဆွေးမြေသြဇာပြုလုပ်ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ယခင်နှစ်များနည်းတူ  ီးပင်၊ စားပင်များအား ဆက်လက်စိုက်ပျိုးသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း  သိရသည်။

ဇာနည်ကိုကို ပြန် /ဆက်