ကွန်ဟိန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကွန်ဟိန်း မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက် (၆) နာရီက စတင်ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ထားရှိရာ KG မှ Grade-11 (ဧကဒဿမတန်း) အထိ အောင်စာရင်းများကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကွန်ဟိန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းအသီးသီး၌ ကြော်ငြာသင်ပုန်းများတွင်လည်း အောင်စာရင်းများ ထုတ်ပြန်ထားရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)