လေးမျက်နှာ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကို အိုင်သပြုအုပ်စု၊ ပေါက်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၁၈၀)၊ ဦးပိုင်အမှတ်(၁၇/၂)၊ တောင်သူဦးကြည်မြင့်၏ လယ်မြေ (၅) ဧကတွင် ယမန်နေ့နံနက် ပိုင်းက ကျင်းပခဲ့သည်။
ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်မိုးထွန်းက မိုးစပါးအထွက်နှုန်း ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော် မြေခံစိုက်ပျိုး ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်စေရေး၊ မိုးစပါးကြဲခင်းများ ပပျောက်စေရေးနှင့် Drum Seeder အစေ့ချ ကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးကိစ္စများ ဆွေးနွေးပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကြည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်မိုးထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံ ပေးအပ်ကာ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်မိုးထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)