မအူပင်မြို့၌ KG ၊ GRADE-1 နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်‌ပွဲအခမ်းအနားကျင်းပ

မအူပင် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို၌ KG ၊ GRADE-1 နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီက အမှတ်(၆) ရပ်ကွက်၊ ကျောင်းလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးလျန်ထေက သင်တန်းဆိုင်ရာအချက်အလက်များနှင့် သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ ၎င်းသင်တန်းအား မေလ ၁၄ ရက်နေ့မှ မေလ ၂၄ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ သင်တန်းနည်းပြ (၁၂) ဦးမှ မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ (၃၃၄) ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်စိုးကျော်၊ မြို့နယ်ပညာရေးမှူး ဦးလျန်ထေနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ နည်းပြများနှင့် သင်တန်းသား/သူများ စုစုပေါင်းအင်အား (၃၄၆) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်ဆက်)