ပန်းတနော် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် KG-Grade-1 မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ECCID) မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အလယ်ပိုင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်သိမ့်က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ကလျာမော်က KG နှင့် Grade-1 အတန်းများအကြား သင်ပြနည်းစနစ်များ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် (ဆင့်ပွား) ဆွေးနွေးခြင်းနှင့် သင်တန်းပို့ချခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးသူငယ်များ မူကြိုအဆင့်မှ အခြေခံပညာအဆင့်သို့ ကူးပြောင်းရာတွင် သင်ကြားမှုစနစ်များ ဟန်ချက်ညီစေရန်နှင့် ကလေးဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)