ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ပန်းတနော် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကလေး သူငယ်များ အသိပညာတိုးတက်စေရေး စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နေ့လယ် ၁၂ နာရီ က ပြုလုပ်ခဲ့သည်။

နွေရာသီကျောင်းပိတ်ရက် ပြည်သူများနှင့် ကလေးသူငယ်များ စာဖတ်စွမ်းရည်မြင့်မားရေး၊ ဦးနှောက်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာအုပ်စာပေမှပေးသော အသိပညာအတတ်ပညာများ ရရှိရေး၊ စာအုပ်စာပေချစ်မြတ်နိုးရေး၊ စာဖတ်အားကောင်းမွန်စေရေး၊ စာပေဝါသနာရှင်များ ထွန်းကား ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က တစ်ဦးချင်း ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်း၊ စာပေဖတ်ရှုရန်နည်းလမ်းများ၊ မိမိစိတ်ဝင်စားစရာ စာပေဖတ်ရှုခြင်းတို့ကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊။

မြို့နယ်(ပြန်/ဆက်)