ကွန်ဟိန်း မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုရေးဆိုင်ရာအရည်အသွေးမြှင့် ဆင့်ပွားသင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင့်ပွားဆွေးနွေးပွဲကို ကွန်ဟိန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၅၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်းတို့မှ မူလတန်းကျောင်းအုပ်ကြီးများနှင့် မူလတန်းအဆင့်သင်ဆရာ/ဆရာမ စုစုပေါင်း(၇၅)ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်ထွေးထွေးဝင်း၏ ကြီးကြပ်မှုနှင့်အတူ သင်တန်းနည်းပြ (၃)ဦးက မေလ ၁၄ ရက်နေ့ မှ ၂၄ ရက်နေ့ အထိ(၁၀)ရက် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)