အိမ်မဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ မှ စာရေးဆရာဒေါက်တာ ခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောင်ခြင်း” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဦးဆောင် ဆွေးနွေးသူများအဖြင့် မြို့နယ်ဦးစီးအရာရှိနှင့် Youth Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ “လူငယ်နှင့်အမှား”၊ “လူငယ်နှင့်စူးစမ်းစိတ်”၊”လူငယ်နှင့်တာဝန်သိမှု”၊ “လူငယ်နှင့်အလှအပ”အစရှိသည့် ခေါင်းစဥ်များဖြင့် အကြောင်း အရာများကို အချင်းချင်းအပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး စာဖတ်ဝိုင်းတက်ရောက်လာသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များအား ပြသပေးခဲ့ပြီး အဆိုပါစာဖတ်ဝိုင်းများကျင်းပပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်နှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း၊ စာဖတ်အား ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။
ချစ်သက်လယ်