ပင်လုံမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ် (၃ )ဦးအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

ပင်လုံ မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့၌ နိုင်ငံတော်အဆင့် လူရည်ချွန်များအဖြင့်ရွေးချယ်ခံရတဲ့ လူရည်ချွန်မောင်မယ်(၃)ဦးအား ကြိုဆိုဂုဏ်ပြုပွဲအား ယမန်နေ့ နေ့လည်(၁)နာရီက ပင်လုံမြို့ အ.ထ.က(၁)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လူရည်ချွန်(၃)ဦးမှာ အ.ထ.က ၁ ကျောင်းမှ သုံးထပ်ကွမ်းလူရည်ချွန် မောင်စိုင်းကျော်ဇင်သော်၊ နှစ်ထပ်ကွမ်းလူရည်ချွန် စိုင်းအွမ်ပင်းမှိုင်းနှင့် ၂၀၂၆ လူရည်ချွန် မောင်သိန်းစိုးအောင်တို့ဖြစ်ပြီး ၎င်းတို့အား ပင်လုံမြို့ အ.ထ.က(၁) ကျောင်းရှေ့မှစတင်ကြိုဆိုခဲ့ကြပြီး လွိုင်လင်မြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်၊ ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးနှင့်တာ၀န်ရှိသူများ ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများက ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ ဂုဏ်ပြုပန်းကုံးများစွပ်ခြင်း ပန်းစည်းများပေးခြင်း လက်စွဲနှုတ်ဆက်ခြင်းနှင့် လက်ပြခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်ကျောင်းသားများအား အ.ထ.က(၂)ကျောင်းနှင့် အ.ထ.က(၃) ဘင်ခရာတပ်ဖွဲ့များ၊ ရိုးရာအိုးစည်ဗုံ​မောင်းများတီး၍ စည်ကားသိုက်မြိုက်စွာကြိုဆိုခဲ့ကြပြီး မြို့တစ်ပတ်ပတ်၍ ဂုဏ်ပြုခံပြီး အ.ထ.ကကျောင်းသို့ ပြန်လည်ရောက်​​​ရှိခဲ့ကြသည်။ ထို့နောက် အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက ဘင်ခရာတပ်ဖွဲ့နှင့် ရိုးရာအိုးစည်ဗုံမောင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)