လေးမျက်နှာမြို့နယ်တွင် ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းရုပ်တုဖြစ်မြောက်ရေး အခမ်းအနားကျင်းပ

လေးမျက်နှာ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းရုပ်တု ဖြစ်မြောက်ရေး အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ဝဏ္ဏကျော်ထင်ဦးစိန်အောင်မင်း ရုပ်တုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ မြို့မိ၊ မြို့ဖ ဦးလှိုင်အေးက ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း ရုပ်တု ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်ဝန်ထမ်းများ၊ လေးမျက်နှာမြို့နယ်အသင်းဥက္ကဋ္ဌ ဦးကြီးမြင့်နှင့် အမှုဆောင်အဖွဲ့တို့မက လှူဒါန်းငွေ စုစုပေါင်းကျပ် (၂၀၃၁၀၀၀၀) အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်ထံ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချို၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင် မောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လေးမျက်နှာမြို့နယ်အသင်း ဥက္ကဋ္ဌ ဦးကြီးမြင့်နှင့် အမှုဆောင်အဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)