ဒေးဒရဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စျေးများမှထွက်ရှိသည့် အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေးနှင့် စွန့်ပစ်အမှိုက်များ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များနှင့် စျေးများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ်မှုရှိစေရေးနှင့် (အထက်ပိုင်း) အမှိုက်ပုံအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း