ကျိုင်းတောင်းမြို့ မေ ၁၅
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ (၁၄၉၀)ကြိမ်၊ ရှမ်းတောင်မြို့နယ် ပေါင်းစုံဓမ္မစကူးလ်ကော်မတီ(၄၅)ကြိမ် ကျိုင်းတောင်းမြို့နယ် ဓမ္မစကူးလ်ကော်မတီ(ပထမ) အကြိမ် မူလတန်းအဆင့် ဓမ္မစကူလ်းဆရာအဖြစ်သင်တန်းကို (၇.၅.၂၀၂၆) ရက်နေ့၌ ကျိုင်းတောင်မြို့ မွေတော်မြို့နံစေတီဘုရားဝန်းအတွင်းစတင်ဖွင့်လှစ်ခဲ့ပြီး (၁၄.၅.၂၀၂၆) ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရပါသည်။ ဓမ္မစကူလ်းဆရာအဖြစ်သင်တန်းဆင်းပွဲကို မွန်းလွဲ ၁ နာရီအချိန်တွင် နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဆရာတော်ကြီးများမှ ဆုံးမသြဝါဒများပြောကြားခဲ့ပြီး ဓမ္မာစကူလ်းဆရာဖြစ်သင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးသော အလှူရှင်များအား အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရပါသည်။ ထို့နောက် ဓမ္မာစကူလ်းဆရာဖြစ် သင်တန်းတက်ရောက်ကြသောသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြပါသည်။
ဓမ္မာစကူလ်းဆရာဖြစ်သင်တန်းသည် ဓမ္မစကူလ်းကျောင်းများပေါ်ပေါက်လာ၍ လိမ္မာယဉ်ကျေးသော လူငယ်လူရွယ်များပေါ်ပေါက်လာစေရန်ရည်ရွယ်ကြောင်း သိရပါသည်။ ထို့နောက် ကျိုင်းတောင်းမြို့တွင် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူလ်း ဖွင်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။
ကိုကို/ ပြန်ဆက်