မိုးနဲ မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းကို တောင်သူများ လေ့လာသိရှိသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က (ပိုက်ဆံလျှော်) သစ်စိမ်းမြေဩဇာမျိုးစေ့ ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို နမ့်မော်ဆွမ့်ကျေးရွာရှိ တောင်သူဦးသန်းထွန်း၏ လယ်မြေတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လယ်ကွင်းအတွင်း(ပိုက်ဆံလျှော်) သစ်စိမ်းမြေဩဇာ မျိုးစေ့ကြဲပက်ခြင်းကွင်းသရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)