မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်ပွဲအခမ်းအနားကျင်းပ

မြောင်းမြ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်ပွဲအခမ်းအနားကို မေလ (၁၄) ရက်နေ့နံနက် (၈း၁၅) နာရီအချိန်က မြရတနာရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လွှတ်တော်ဒုဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို လွှတ်တော်ဒုဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောင်ခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)