ကျေးသီးမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပြိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆွေးနွေးပွဲ ဆောင်ရွက်

ကျေးသီး မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် KG နှင့် Grade –1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆွေးနွေးပွဲကို ယမန်နေ့က  အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) ခန်းမတွင် ကျင်းပသည်။

အဆိုပါဆင့်ပွားဆွေးနွေးပွဲကို ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ မူလတန်း အဆင့်သင် ဆရာ/ဆရာမစုစုပေါင်း (၁၀၄)ဦး တက်ရောက်ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေ၏  ကြီးကြပ်မှုနှင့်အတူ သင်တန်းနည်းပြ(၃)ဦးဖြစ်သော ဆရာမဒေါ်မေသန္ဓာမောင်၊ ဆရာမဒေါ်ဒေလီယာ နှင့် ဆရာဦးစိုင်းနောင့်တို့က မေလ ၁၄ ရက်နေ့မှ ၂၄ ရက်အထိ(၁၀)ရက် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)