မူဆယ် မေ ၁၇
မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ (မူဆယ်)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အသင်းသားစုံညီ ညီလာခံနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ဆင်းရွှေလီခန်းမတွင် မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် မူဆယ်အသင်းခွဲ(ရှမ်းပြည်နယ်)၊ နာယက မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အတွင်းရေးမှူး ဦးလှဝင်းဌေးက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ လက်ရှိအခြေအနေများအား မိတ်ဆက်ရှင်းလင်းခဲ့သည်။ ဆက်လက်၍ မူဆယ်အသင်းခွဲ (ရှမ်းပြည်နယ်)၊ ဥက္ကဋ္ဌ ဦးစိုင်းအုန်းမြင့်က အသင်း၏လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများနှင့် နယ်မြေအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၊ မူဆယ်အသင်းရုံးခွဲ (ရှမ်းပြည်နယ်)အတွက် ကနဦးအဆိုပြု ရွေးချယ်ထားသော အမှုဆောင်အဖွဲ့ဝင်စာရင်းများအားကြေညာခဲ့ပြီး တက်ရောက်လာသူများထံမှ အတည်ပြုချက် ရယူကာ ရွေးချယ်တင်မြှောက်ခြင်းခံရသော အသင်းခွဲအမှုဆောင်များက ကတိသစ္စာခံယူခဲ့ကြသည်။
ယင်းနောက် မူဆယ်အသင်းခွဲနာယကနှင့် ဧည့်သည်တော်ကြီးများထံသို့ ဂါရဝပြု လက်ဆောင်များပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ (မူဆယ်အသင်းခွဲ)ဥက္ကဋ္ဌအသစ် ဦးကျော်ကျော်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)