တပ်ကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းကြေညာထားသော ကျေးရွာများသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

တပ်ကုန်း           ဩဂုတ်         ၅

 နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးတွင် ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ ဝင်များက  မိမိတာဝန်ကျရာ ရပ်ကွက်/ ကျေးရွာများတွင်  ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်တင့်တင့်ခိုင် (မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်)သည် ယနေ့ နံနက် ၁၀ နာရီခွဲက ကျေးချောင်းကျေးရွာ အုပ်စုတွင် ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာ ကျေးချောင်းကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ နှင့် တွေ့ဆုံပြီး မဲဆန္ဒရှင်စာရင်းများကို ဩဂုတ်လ(၇)ရက်နေ့အထိ ကြေညာထား ရှိရာတွင် ပြည်သူများ မဲစာရင်းများကို လာရောက်ကြည့်ရှုရေး နိုးဆော်ဆောင်ရွက်နေမှုနှင့်ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်အမည်စာရင်း များ ရရှိရေးအတွက် ပုံစံ(၃)ဖြင့် အမည်စာရင်းတောင်းဆိုခြင်း၊ ပုံစံ(၄)ကန့်ကွက်လွှာနှင့်ပုံစံ(၄-ဂ) ပြင်ဆင်လွှာများ စနစ်တကျပြုစုဆောင်ရွက်ရေးရှင်းလင်း ပြောကြားခဲ့သည်။

ကျေးချောင်းကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုပေါင်း(၁၈၄၃)စု၊လူဦးရေပေါင်း(၈၆၀၄)ဦးရှိပြီး ၊ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း (၆၅ဝဝ)ဦး ကျော်ရှိကြောင်း ကျေးချောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

တင်စိုးလွင်