ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၉၁)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဉက္ကဋ္ဌ  မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၄ ရက်နေ့၊ ညနေ(၆)နာရီအချိန် က(၆)ဉီး   နှင့် ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်က(၈၅)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၉၁)ဉီးတို့အား  လားရှိုးမြို့သို့  ထပ်မံလွှဲပြောင်း ပို့ ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၉၁) ဉီးမှာ အမျိုးသား(၅၇)ဉီး၊ အမျိုးသမီး(၃၄) ဉီး တို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ(၃)ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ(၁၄)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၁၉)ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ(၄)ဉီး၊ မကွေးတိုင်းဒေသကြီးမှ(၁)ဉီး၊  ဧရာဝတီတိုင်းဒေသကြီးမှ(၂)ဉီး၊ ကချင်ပြည်နယ်မှ(၅)ဉီး၊  ကယားပြည်နယ်မှ(၁)ဉီး၊  ရှမ်းပြည်နယ်မှ (၃၀)ဉီး နှင့် ရခိုင်ပြည်နယ်မှ(၁၂)ဉီးတို့ ဖြစ်ကြောင်း သိရသည်။

၎င်း  နေရပ်ပြန်ပြည်သူများမှ  တရုတ်နိုင်ငံမှလွှဲပြောင်းလာသည့်  အမျိုးသား(၅၀)ဉီး၊  အမျိုးသမီး(၃၁)ဉီး  စုစုပေါင်း(၈၁)ဉီး တို့သည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အကြောင်းအမျိုးအမျိုးကြောင့်  ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍   ၎င်းတို့အား ချင်းရွှေ ဟော်မြို့ ၊ မြို့တော်ခန်းမ ၊အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင်  ခေတ္တထားရှိပြီး  ချင်းရွှေဟော်မြို့ ကုသရေးဉီးစီးဌာန မှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အားရယူကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးမြို့၊  ပြည်သူ့ ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓါတ်ခွဲအဖြေကောင်းမွန်ကြောင်းသိရ၍  ချင်းရွှေဟော်မြို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့   ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့အထိ အမျိုးသား (၇၈၄၈)ဉီးနှင့် အမျိုးသမီး(၆၃၀၅)ဉီး တို့ဖြစ်ပြီး   စုစုပေါင်း  နေရပ်ပြန်ပြည်သူ (၁၄၁၅၃) ဉီး တို့ကို လွှဲပြောင်းပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)

ချင်းရွှေဟော်