ဥတ္တရ ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပသည်။
ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဉက္ကဋ္ဌ ဦးတင့်နိုင် (ဉတ္တရခရိုင် အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ မြန်မာ့ လူ့အဖွဲ့အစည်း ကို လွတ်လပ်မှု (freedom) ဖွံ့ဖြိုးတိုးတက်မှု(Development) နှင့် ကြွယ်ဝချမ်းသာမှု (Prosperity) ဆိုသည့် အခြေခံတန်ဖိုးများဖြင့် ဖန်တီးတည်ဆောက်လျက်ရှိရာ ၊ အနာဂတ် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်များ၏ စွမ်းအားကို မြှင့်တင်အားပေး ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားပြီးနောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မိုးမြတ်(ဒုတိယညွှန်ကြားရေးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန)က ကလေးသူငယ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များမှ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြရာ ကော်မတီဉက္ကဋ္ဌ ဦးတင့်နိုင် (ဉတ္တရခရိုင်အုပ်ချုပ်ရေးမှူး) က ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သွားရမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)