တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်

တန့်ယန်း  သြဂုတ်  ၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာစျေးရှေ့နှင့် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း အရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်း တစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ကြသည်။

အဆိုပါ မြို့နယ်စည်ပင်သာယာစျေးရှေ့နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်း တစ်လျှောက်တွင် စျေးဝယ်လာသူတချို့၏ မော်တော်ဆိုင်ကယ်များအား ခေတ္တရပ်ထားကြ၍ မကြာခဏဆိုသလို ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားတတ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ ကျောင်းဆင်း ကျောင်းတက်ချိန်နှင့် လမ်းအသုံးပြုသူအားလုံး ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ပြီး စျေးဝယ် လာသူများ၏ မော်တော်ဆိုင်ကယ် များအား မြန်မာ့ဆက်သွယ်ရေးရုံးဘက်အခြမ်းနှင့် အရှေ့ဘက်လမ်းကြား အခြမ်းတို့တွင် စည်းကမ်းတကျထားရှိရန် နေရာသတ်မှတ်ပေးထားကြောင်း သိရသည်။

 

မင်းလွင်ဦး(ပြန်/ဆက်)