တာချီလိတ် မေ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် အဖွဲ့သစ် ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်စာရေး ဆရာအသင်းရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးလှဌေးက အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်း စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာအသင်း နာယက ဦးစိုးစိုးက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများနှင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အရွေးချယ်ခံပုဂ္ဂိုလ်များအား အတည်ပြုရွေးချယ်ခဲ့ကြရာ စာရေးဆရာအသင်း ဥက္ကဋ္ဌ အဖြစ် ဦးလှဌေး၊ အတွင်းရေးမှူးအဖြစ် ဦးဝေယံဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းဇော်မိုး၊ အမှုဆောင်များအဖြစ် ဒေါက်တာကျော်စွာမြင့်နှင့် ဦးမြင့်ဝင်းလှတို့အား ရွေးချယ်သည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်ထက်ဝေ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြပြီး စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)