နမ္မတူမြို့နယ်၊ မန်စံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ Social Distancing နှင့်အညီ ပညာ သင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးပြီး လက်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် Hand-gel များထောက်ပံ့ ပေးအပ်

နမ္မတူ    ဩဂုတ် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၏ Social Distancing နှင့်အညီ ပညာသင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ လက်ဆေး ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် Hand-gel များထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် တာဝန်ရှိသူများက မန်စံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ Social Distancing နှင့်အညီ ပညာသင်ကြားနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတွင် ထားရှိအသုံးပြုနိုင်ရေး လက်ဆေးဆပ်ပြာခဲ (၂၅) ခဲ၊ ဆပ်ပြာဆီ (၅) ဘူးနှင့် Hand-gel (၁၀)ဘူး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လူမော် (ပြန်/ဆက်)