ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေး) စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က သင်တန်းဆင်း မိန့်ခွန်းအားပြောကြားခဲ့ပြီး အတွင်းရေးမှူး ရဲမှူးစန်းယုနိုင်က လုံခြုံဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မှာကြားခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းအား ဧပြီ ၂၇ ရက်မှ မေ ၂၄ ရက်အထိ ရက်သတ္တပတ် (၄)ပတ်ကြာ မြို့နယ်အားကစားခန်းမ၌ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)