မိုင်းယောင်း၌ မီးဘေးသင့်အိမ်ထောင်စုအား ငွေသားနှင့် မိသားစုသုံးပစ္စည်းများ ထောက်ပံ့

မိုင်းယောင်း ဩဂုတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါဆတ် ကျေးရွာမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် မိသားစုသုံး ပစ္စည်းများကို ဩဂုတ်လ ၅ ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မီးဘေးသင့်ခဲ့သည့် ဦးနွဲ့အွန်ယုန်း၏ မိသားစုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း ၂၀ မျိုးနှင့် ထောက်ပံ့ငွေကျပ် နှစ်သိန်းကျော်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သည့် စောင်နှင့် ခေါင်းအုံးအပါအဝင် မိသားစုသုံးပစ္စည်း ဆယ့်လေးမျိုးပါ Family Kit တစ်ပုံး တို့ကို သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ပါဆတ်ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့က ခြင်ဆေးမီးမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)