မိုးသည်းထန်စွာရွာသွန်း၍ ရွှေညောင်မြို့ ရပ်ကွက်အချို့တွင် ရေဝင်ရောက်နစ်မြုပ်မှု ကြုံတွေ့ခဲ့ရသည့် ပြည်သူ များအား ဆန်၊ဆီ၊ဆားရိက္ခာထုပ်များနှင့်ရေသန့်ဘူးများ ထောက်ပံ့

တောင်ကြီး ဩဂုတ် ၆

မိုးသည်းထန်စွာရွာသွန်း၍ တောင်ကြီးမြို့နယ်ရွှေညောင်မြို့ရှိ တာယောချောင်းရေ မြင့်တက်၍ ရပ်ကွက်အချို့တွင် ရေဝင်ရောက် နစ်မြုပ်မှု ကြုံတွေ့ခဲ့ရသည့်ပြည်သူများအားရှမ်းပြည်နယ် ပြည်သူ လူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ဆန်၊ဆီ၊ဆားရိက္ခာထုပ်များနှင့်ရေသန့်ဘူးများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

ယင်းသို့သွားရောက်ထောက်ပံ့လှူဒါန်းရာသို့ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ နာယက၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ကော်မတီမှ တာဝန်ရှိသူများ၊ ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ပရဟိတ အဖွဲ့ဝင်များက  ရေဝင်ရောက် နစ်မြုပ်ခြင်း ကြုံတွေ့ခဲ့ရသည့် ရွှေညောင်မြို့ ရတနာ ရပ်ကွက်၊ မင်္ဂလာ ရွှေဘို ရပ်ကွက်၊ လှိုင်ဘုံသာ ရပ်ကွက်နှင့် ရွှေဘုံသာ ရပ်ကွက်များရှိ အိမ်ထောင်စု (၃၇၀)အတွက် ဆန်၊ဆီ၊ဆားများပါဝင်သည့်ရိက္ခာထုပ် (၅၀၀)နှင့် သောက်ရေ သန့် ဘူးများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)