လိုင်လင်းပီ ဇန်နဝါရီ ၁၉
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ရောဂါကာလ သတ်မှတ်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စစ်ဆေးကြသည်။
အဆိုပါ ရှောင်တခင် စစ်ဆေးခြင်း၌ စျေးရောင်း/စျေးဝယ်သူများ နှာခေါင်းစည်းများ တပ်ဆင်ပြီး ရောင်းချခြင်း ရှိ/မရှိ၊ ဆိုင်ထိုင် စနစ်ဖြင့် ရောင်းချရာ၌ သတ်မှတ်လူဦးရေဖြင့် စားသောက်ကြခြင်း ရှိ/မရှိ၊ ဆိုင်ပေါက်ဝတွင် လက်ဆေးဆပ်ပြာ/ရေ Hand gel ဗူးများ ထားရှိခြင်း ရှိ/မရှိ စသည်တို့ကို စစ်ဆေးကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ လမ်းညွှန်မှာကြား ခဲ့ကြကြောင်းနှင့် လိုင်လင်းပီမြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် စုစုပေါင်း(၃)ဆိုင်ရှိကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)