ကာမိုင်း ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာမိုင်းမြို့အတွင်း၌ မီးလန့်မှုမီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း၊ မီးလောင်မှုများ ဖြစ်ပေါ်လာပါက လျင်လျင်မြန်မြန်နှင့် ဆုံးရှုံးမှုတန်ဖိုးများ နည်းပါစေရန်၊ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေးအတွက် အထူးဂရုပြုကြရန်၊ နေအိမ်တိုင်းမီးချိတ်၊ မီးကပ်ပြား၊ သဲအိတ်နှင့် ရေအိတ်များ ထားရှိစေရန်စသည့် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို မြို့မီးသတ် ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးမျိုးမြတ်အောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ အဖွဲ့ကိုယ်စီများခွဲပြီး တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)