တီးတိန်မြို့အဝင် ''ဆိုင်းဘုတ်'' တည်ဆောက်ပြီးစီး

တီးတိန်  ဇန်နဝါရီ  ၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် ''ဆိုင်းဘုတ်'' တည်ဆောက်ခြင်း လုပ်ငန်းကို ယနေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း တီးတိန်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

အဆိုပါ မြို့အဝင် ''ဆိုင်းဘုတ်''မှာ ကလေး- သိုင်းငင်း-တီးတိန်မြို့အဝင် ကားလမ်းမကြီးပေါ်တွင် တည်ဆောက်ခြင်းဖြစ်ပြီး (အကျယ်-၃၆ပေ၊ အမြင့်-၂၀ပေ)ရှိကာ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၈)သန်းဖြင့် တီးတိန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)