တီးတိန် ဇန်နဝါရီ ၁၉
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄)ဦး ထပ်မံ တိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါပိုးတွေ့ အတည်ပြုလူနာများသည် တီးတိန်မြို့၊ လွယ်ဘွာလ်း ရပ်ကွက်နေ အသက်(၅၈)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၃၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြသည်။
အဆိုပါ ပိုးတွေ့သူများကို ဇန်နဝါရီ ၁၈ ရက်နေ့က ၎င်းတို့၏ swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ၌ Positive ထွက်ရှိကြောင်း၊ ၎င်းတို့အား တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမည်ဖြစ်ပြီး ယခု လတ်တလောအချိန်တွင် တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ အဆိုပါ (၄)ဦး အပါအဝင် ပိုးတွေ့လူနာ(၅၄)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)