မူဆယ် မေ ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မူဆယ်ခရိုင်) ၏ အရေးပေါ်အသက်ကယ်ဆင့်ပွားသင်တန်း (၂/၂၀၂၆) ဆင်းပွဲအခမ်းအနားကို မူဆယ်မြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက တက်ရောက်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မူဆယ်ခရိုင်)၏ သင်တန်းကာလအတွင်း ဆောင်ရွက်မှုများကို ဗီဒီယိုကလစ်ဖြင့် ပြသသည်။ ထို့နောက်သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ပြီး ထူးချွန်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မူဆယ်ခရိုင်) ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အရေးပေါ်အသက်ကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်း (၂/၂၀၂၆) ငွေစာရင်းရှင်းတမ်းအား ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုအသင်းအဖွဲ့များ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)