တာချီလိတ်မြို့နယ်အတွင်း ရွှေသတ္တုအသေးစားလုပ်ကွက်များနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နာယောင်းကျေးရွာအုပ်စုအတွင်းရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုချက်ရ ရွှေသတ္တုအသေးစားလုပ်ကွက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့က ရှမ်းပြည်နယ် လုပ်ကွက်စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်နှင့်တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်(အမြဲတမ်း) ပျိုးဥယျာဉ်အတွင်း သစ်မျိုးစုံ ပျိုးပင်ပေါင်း ၅၂၈၀၀ ပင် ပျိုးထောင်ထားရှိမှု၊ ပျိုးပင်များ ရှင်သန်ကြီးထွားမှုအခြေအနေများနှင့် ပျိုးဥယျာဉ်စီမံခန့်ခွဲဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ ရွှေသတ္တုအသေးစား လုပ်ကွက်(၂၀)ကွက်အနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သစ်တောဦးစီးဌာနမှ ပါဟုတ်ကြိုးပြင်၌ ၂/၂၀၂၆  ခုနှစ် မိုးရာသီတွင်တည်ထောင်မည့် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း (၁၀)ဧက စိုက်ပျိုး ထားရှိမှုအခြေအနေများနှင့် စိုက်ပျိုးပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှု တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)