နောင်ချို ဇွန် ၂
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးနှင့်တာဝန်ရှိသူများသည် မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီအချိန်က နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် မိုးရာသီမျိုးစေ့နှင့်သွင်းအားစုများ ချီးမြှင့်ပေးအပ်ပွဲသို့ရောက်ရှိကာ ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီတွင်စိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မိုးရာသီ မျိုးသန့်ပွားထုတ်လုပ်မည့်တောင်သူများနှင့် အကျိုးဆောင်စံပြစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများအား ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ကျောက်မဲခရိုင် ဦးစီးမှူး ဦးဝင်းထင်စိုး၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နှင့်တာဝန်ရှိသူများက မျိုးစေ့နှင့်သွင်းအားစုများကို ပေးအပ်ချီးမြှင်ခဲ့ရာ တောင်သူများမှ အသီးသီးလက်ခံရယူခဲ့ပြီး တောင်သူများကိုယ်စား တောင်သူဦးပြုံးချိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ပဲပုတ်စံပြကွက်၊ နေကြာမျိုးစေ့ထုတ်စံပြကွက်၊ နေကြာမျိူးသန့်ပွား စံပြကွက်များအတွက် မျိုးနှင့်မြေဩဇာများပေးအပ်ခဲ့ပြီး အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူး၊ နောင်ချိုမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးခြံတာဝန်ခံများ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်